KYODAI FRIENDS CAMPAIGN 2022
သူငယ်ချင်းတစ်ဦးကို မိတ်ဆက်ပေးသည့်အကြိမ်တိုင်း ¥600 ရယူပါ။!
2022/06/01 မှ 2022/11/30 အထိ သူငယ်ချင်းမိတ်ဆက် Campaign ကို ပြုလုပ်သွားပါမည်။ သူငယ်ချင်းတစ်ယောက်ကို Kyodai Remittance နဲ့မိတ်ဆက်ပေးပြီး သင်နဲ့သင့်သူငယ်ချင်းနှစ်ဦးစလုံး ယန်း 600 ဒစ်ဂျစ်တယ်လက်ဆောင်ကတ်* ကိုပထမဆုံးငွေစလွှဲတဲ့အချိန်မှာရယူနိုင်ပါတယ် *ဆုလက်ခံရယူရန်အတွက် မိတ်ဆက်ပေးသူနှင့် မိတ်ဆက်ခံရသူတို့သည် KyodaiApp အသုံးပြုသူဖြစ်ရမည်။
** ဒစ်ဂျစ်တယ်လက်ဆောင်ကတ်ကို QUO ကတ်ပေးချေစနစ်ဖြင့် ပေးဆောင်မည်ဖြစ်သည်။
ဘယ်လိုပါ၀င်ရမလဲ (KyodaiApp စာရင်းသွင်းခြင်း)
1. မိတ်ဆက်ပေးမည့်သူသည် Kyodai Appအသုံးပြုသူဖြစ်ပြီးမိမိ၏ Customer နံပတ်အား သူငယ်ချင်းထံပေးပို့ရန်လိုအပ်သည်။
2. မိတ်ဆက်ပေးခြင်းခံရသူသည် KyodaiApp (IOS သို့မဟုတ် Android) မှတဆင့် စာရင်းသွင်းပြီး, e-KYC လုပ်ငန်းစဉ်ကို လိုက်နာဆောင်ရွက်ပေးပါ။
3. KyodaiApp စာရင်းသွင်းစဥ် အဆင့်10 တွင် မိတ်ဆက်ပေးသူ၏ Customer နံပတ်အား "ရည်ညွှန်းသည်" အကွက်တွင် ထည့်သွင်းရန် လိုအပ်ပါသည်။
4. မိတ်ဆက်ပေးခြင်းခံရသူ ပထမဆုံးငွေလွှဲသည့်အခါ နှစ်ဦးစလုံးအား ယန်း 600 ဒစ်ဂျစ်တယ်လက်ဆောင်ကတ်* ကိုရရှိနိုင်ပါမည်။
** ဒစ်ဂျစ်တယ်လက်ဆောင်ကတ်ကို QUO ကတ်ပေးချေစနစ်ဖြင့် ပေးဆောင်မည်ဖြစ်သည်။
ဘယ်လိုပါ၀င်ရမလဲ (ရုံးခွဲကောင်တာတွင် စာရင်းသွင်းခြင်း)
1. မိတ်ဆက်ပေးမည့်သူသည် Kyodai Appအသုံးပြုသူဖြစ်ပြီးမိမိ၏ Customer နံပတ်အား သူငယ်ချင်းထံပေးပို့ရန်လိုအပ်သည်။
2. မိတ်ဆက်ပေးချင်းခံရသောသူသည်Kyodai ရုံးခွဲ မည်သည့်ကောင်တာတွင်မဆို စာရင်းသွင်းနိုင်ပါသည်။
3. စာရင်းသွင်းရာတွင် မိမိအားမိတ်ဆက်ပေးသော၏ Customer နံပတ် ကိုပေးရန်လိုအပ်သည်။
4. ကောင်တာတွင်စာရင်းသွင်းထားသောအီးမေးလ်ဖြင့် Kyodai App အားdownload လုပ်ပြီးစာရင်းထည့်ရန်လိုသည်။
5. မိတ်ဆက်ပေးခြင်းခံရသူ ပထမဆုံးငွေလွှဲသည့်အခါ နှစ်ဦးစလုံးအား ယန်း 600 ဒစ်ဂျစ်တယ်လက်ဆောင်ကတ်* ကိုရရှိနိုင်ပါမည်။.
** ဒစ်ဂျစ်တယ်လက်ဆောင်ကတ်ကို QUO ကတ်ပေးချေစနစ်ဖြင့် ပေးဆောင်မည်ဖြစ်သည်။
အသေးစိတ်သိရှိလိုပါ ဆက်သွယ်ရန်.
စည်းမျဉ်းနှင့်အခြေအနေများ
1. အထွေထွေစည်းမျဉ်းများ
1.1. ပလိုမိုးရှင်း Campaign သည် 2022ခုနှစ် ဇွန် 1 ရက်နေ့မှ နို၀င်ဘာ 30 အထိဖြစ်ပြီး Kyodai ငွေလွှဲ Customers များ ဘယ်နိုင်ငံသားမဆို ပါ၀င်နိုင်ပါသည်။
1.2. ဒီအစီစဥ် သည် Kyodai Customerများ အား မိမိရဲ့ ဆွေမျိုး,သူငယ်ချင်းနှင့်အသိကျွမ်းများအား အဖွဲ့၀င်ဖြစ်စေရန်တိုက်တွန်းပေးခြင်းနှင့်ငွေလွှဲ အတွက်လှုံဆော် ပေးသည့်အတွက် ပေးအပ်သည့် ဆုလက်ဆောင်အစီစဥ်ဖြစ်သည်။
1.3. မိတ်ဆက်ပေးခြင်းခံရသူသည်ပထမဆုံးငွေလွှဲခြင်းပြုလုပ်ပြီးနောက် နှစ်ဦးစလုံး ယန်း600ကူပွန်ကိုရရှိပါမည်။
1.4. ဤ Campaign တွင်ပါ၀င်ရန် မိတ်ဆက်ပေးသူသည် Kyodai Appအသုံးပြုသူဖြစ်ရမည်။ မိတ်ဆက်ခြင်းခံရသူ သည် Kyodai App ဖြင့် e-KYC လုပ်ဆောင်ချက်ဖြင့်စာရင်းသွင်းရန်လိုအပ်သည်။ထို့အပြင် မြန်မာ ပွဲအစီစဥ် များနှင့် ရုံးခွဲကောင်တာများတွင်လာရောက်စာရင်းသွင်း ရာတွင်လဲ campagin အစီစဥ် သည် အကျုံး၀င်ပါသည်။ Kyodai ရဲ့ promoters များနှင့် promotersများ မှမိတ်ဆက်ပေးခြင်းခံထားရသော Customersများသည် ဤ Campaign တွင် အကျုံးမ၀င်ပါ။
1.5. ဒါရိုက်တာများ၊ ဝန်ထမ်းများ, independent contractors များနှင့် Kyodai Market,သက်ဆိုင်ရာမိသားစုနှင့်ဆွေမျိုးများအကျုံးမ၀င်ပါ။ထို့အပြင် Kyodai promoters နှင့် Kyodai partners' staff များလဲပါ၀င်ခွင့်မပြုပါ။
1.6.Kyodai၀န်ထမ်းများသည်လဲအဖွဲ့၀င်အသစ်မိတ်ဆက်ပေးနိုင်ပြီး ,မိတ်ဆက်ခြင်းခံရသူသည် ပထမဆုံးငွေလွှဲသည့်အခါ အဖွဲ့၀င်သစ်သည်သာဆုလက်ဆောင်လက်ခံရရှိပါမည်။
1.7. Kyodaiငွေလွှဲ သည်ထိုသဘောထားထုတ်ပြန်ချက် အခြေအနေတွင် ငြင်းပွားစာရာပေါ်ပေါက်လာပါက,ဤစည်းမျဥ်းစည်းကမ်းများကို ပြင်ဆင်ရန်သို့မဟုတ်လိုအပ်သည်ဟု ယူဆသည်တိုင်း ပရိုမိုးရှင်းကို ပြောင်းလဲရန် လက်ဝယ်ရှိသည်
2. e-KYC ဖြင့် စာရင်းသွင်းခြင်း။
2.1.Campaign တွင်ပါ၀င်ရန် မိတ်ဆက်သူသည် Kyodai Appလင့်ခ်အား သူငယ်ချင်းထံပေးပြီး ekyc လုပ်ဆောင်ချက်ကို အသုံးပြုရန်တောင်းဆိုပါ။
2.2. မိတ်ဆက်ပေးသူရဲ့ customer နံပတ်အား ရည်ညွှန်းသည် ဆိုသည့်အကွက်တွင်ဖြည့်ပြိးစာရင်းသွင်းခြင်းလုပ်ငန်းစဥ် ကိုအပြီးသတ်ပါ၊ထိုအဆင့်သည် Campaign တွင်ပါ၀င်ရန် အဓိကအရေးကြီးသည်လုပ်ဆောင်ချက်ဖြစ်သည်။
2.3. မိတ်ဆက်ခြင်းခံရသူ(အဖွဲ့၀င်အသစ်)သည် စာရင်းသွင်းခြင်းပြီးဆုံးပါက မိတ်ဆက်ပေးသူနှင့်မိတ်ဆက်ခြင်းခံရသူ နှစ်ဦးအား ပထမဆုံး ငွေလွှဲခြင်းလုပ်ဆောင်သည့်အဆင့်အထိ နောက်ဆက်တွဲ၀န်ဆောင်မှုပေးနိုင်ရန် စာရင်းထည့်ထားပါမည်။
3. အရည်အချင်းပြည့်မီမှုနှင့် ဝင်ရောက်မှု
3.1. မိတ်ဆက်ခြင်းံရသူ(အဖွဲ့၀င်အသစ်) ရဲ့ ပထမ ဆုံးငွေလွှဲခြင်းဆိုင်ရာနှင့်ပတ်သက်ပြီး.အပတ်စဥ်စာရင်းပြုစုသွားပါမည်။
3.2. အပတ်စဥ်တနင်္လာမှ တနင်္ဂနွေ အတွင်း မိတ်ဆက်ခြင်းခံရသူ(အဖွဲ့၀င်အသစ်)ရဲ့ ပထမဆုံးအကြိမ်ငွေလွှဲခြင်းကို အတည်ပြုပြီးနောက် ငွေလွှဲလုပ်ငန်းစဥ်အောင်မြင်ပါက လာမည့်အပတ်တွင်း ဆုလက်ဆောင် လင့်ခ် ကို ပေးပို့သွားမည်ဖြစ်ပါသည်။ အကယ်၍ အဖွဲ့၀င်အသစ်မှ ငွေလွှဲလုပ်ဆောင်ခြင်းမရှိခဲ့ပါ က စာရင်းပြုစုမှတ်သားခြင်းကို 2022 ခုနစ် နို၀င်ဘာ 30 ရက်အထိ ထိန်းသိမ်းထားပါမည်။
4. ဆုလက်ဆောင်ပေးခြင်းအစီစဥ်
4.1. ဆုပေးချေမှုများကို ဒစ်ဂျစ်တယ်လက်ဆောင်ကတ် - QUO ကတ် ငွေပေးချေစနစ်အသုံးပြု၍ ဆောင်ရွက်ပေးပါမည်။
4.2. Kyodai ငွေလွှဲမှ မိတ်ဆက်ပေးသူနှင့် မိတ်ဆက်ခြင်းခံရသူ နှစ်ဦးစလုံးထံ Kyodai App ဖြင့်စာရင်းသွင်းထားသေးအီးမေးလ် ထံသီးခြားမေးလ်တစ်စောင်စီပေးပို့ပါမည်။ဤမေးလ်တွင် QUO ကတ်ငွေပေးချေစနစ်အား အသုံးပြုနည်းလမ်းညွှန်ချက်များနှင့် ယန်း 600 လက်ဆောင်စ်ဂျစ်တယ်လက်ဆောင်ကတ်၏လင့်ခ်များပါရှိသည်။
4.3. Kyodai Appထည့်သွင်းထားသော ဖုန်းဖြင့် မေးလ်ပို့ထားသောလင့်ခ်ကို ဖွင့်ပြီး Quoကတ်ဖြင့်ငွေပေးချေနိုင်သည်။နိုင်ငံတစ်ဝှမ်းရှိ Lawson နှင့် Ministop စတိုးဆိုင်များ၏ မည်သည့်နေရာတွင်မဆို၊အသုံးပြုနိုင်ပြီး .. ဤငွေပေးချေမှုစနစ်တွင် ဖော်ပြထားသော အခြားတည်နေရာများတွင်လဲအသုံးပြုနိုင်သည်။