KYODAI FRIENDS CAMPAIGN 2023
သူငယ်ချင်းတစ်ဦးကို မိတ်ဆက်ပေးသည့်အကြိမ်တိုင်း ¥600 ရယူပါ။!
2023/01/01 မှ 2023/12/31 အထိ Friends campaign ကို ကျင်းပပါမည်။ သူငယ်ချင်းတစ်ယောက်ကို Kyodai Remittance ကို မိတ်ဆက်ပေးခြင်းဖြင့် သင်နဲ့ သင့်သူငယ်ချင်းတစ်ယောက်စီ ¥600 လက်ဆောင်ကတ်* ကို ရရှိနိုင်ပါတယ်။ သင့်သူငယ်ချင်းသည် Kyodai မှတဆင့်ပထမဆုံးငွေလွှဲပြိးနောက် နှစ်ဦးစလုံး တစ်ဦးစီ ¥600 လက်ဆောင်ကတ်* ရရှိပါမည်။
ဆုလက်ခံရယူရန်အတွက် မိတ်ဆက်ပေးသူ နှင့် မိတ်ဆက်ပေးခြင်းခံရသူ နှစ်ဦးလုံးသည် KyodaiApp အသုံးပြုသူဖြစ်ရပါမည်။
*လက်ဆောင်ကတ်ကို QUO ကတ်ဖြင့် ပေးပါမည်။
ဘယ်လိုပါ၀င်ရမလဲ (Kyodai App စာရင်းသွင်းခြင်း)
1. မိတ်ဆက်ပေးမည့်သူသည် Kyodai Appအသုံးပြုသူဖြစ်ပြီးမိမိ၏ KYODAI Number နံပတ်အား သူငယ်ချင်းထံပေးပို့ရန်လိုအပ်သည်။
2. မိတ်ဆက်ပေးခြင်းခံရသူသည် Kyodai App (IOS သို့မဟုတ် Android) မှတဆင့် စာရင်းသွင်းပြီး, e-KYC လုပ်ငန်းစဉ်ကို လိုက်နာဆောင်ရွက်ပေးပါ။
3. Kyodai App စာရင်းသွင်းစဥ် အဆင့်10 တွင် မိတ်ဆက်ပေးသူ၏ KYODAI Number နံပတ်အား "ရည်ညွှန်းသည်" အကွက်တွင် ထည့်သွင်းရန် လိုအပ်ပါသည်။
4. မိတ်ဆက်ပေးခြင်းခံရသူ ပထမဆုံးငွေလွှဲအောင် မြင်သည့်အခါ နှစ်ဦးစလုံးအား ယန်း 600 လက်ဆောင်ကတ်* ကိုရရှိနိုင်ပါမည်။
*လက်ဆောင်ကတ်ကို QUO ကတ်ဖြင့် ပေးပါမည်။
ဘယ်လိုပါ၀င်ရမလဲ (ရုံးခွဲကောင်တာတွင် စာရင်းသွင်းခြင်း)
1. မိတ်ဆက်ပေးမည့်သူသည် Kyodai Appအသုံးပြုသူဖြစ်ပြီးမိမိ၏ KYODAI Number အား သူငယ်ချင်းထံပေးပို့ရန်လိုအပ်သည်။
2. မိတ်ဆက်ပေးချင်းခံရသောသူသည်Kyodai ရုံးခွဲ မည်သည့်ကောင်တာတွင်မဆို စာရင်းသွင်းနိုင်ပါသည်။
3. စာရင်းသွင်းရာတွင် မိမိအားမိတ်ဆက်ပေးသော၏ KYODAI Number ကိုပေးရန်လိုအပ်သည်။
4. ကောင်တာတွင်စာရင်းသွင်းထားသောအီးမေးလ်ဖြင့် Kyodai App အားdownload လုပ်ပြီးစာရင်းထည့်ရန်လိုသည်။
5. မိတ်ဆက်ပေးခြင်းခံရသူ ပထမဆုံးငွေလွှဲသည့်အခါ နှစ်ဦးစလုံးအား ယန်း 600 လက်ဆောင်ကတ်* ကိုရရှိနိုင်ပါမည်။.
*လက်ဆောင်ကတ်ကို QUO ကတ်ဖြင့် ပေးပါမည်။
အသေးစိတ်သိရှိလိုပါ ဆက်သွယ်ရန်.
Kyodai Remittance FRIENDS CAMPAIGN 2023
စည်းကမ်းနှင့်သတ်မှတ်ချက်များ
1. အထွေထွေစည်းမျဉ်းများ
1.1. ပလိုမိုးရှင်း ကမ်ပိန်း သည် 2023 ခုနှစ် ဇန်န၀ါရီလ 1 ရက်နေ့မှ ဒီဇင်ဘာ 31 အထိဖြစ်ပြီး Kyodai ငွေလွှဲ Customers များ ဘယ်နိုင်ငံသားမဆို ပါ၀င်နိုင်ပါသည်။
1.2.ဒီအစီစဥ် သည် Kyodai Customerများ အား မိမိရဲ့ ဆွေမျိုး,သူငယ်ချင်းနှင့်အသိကျွမ်းများအား အဖွဲ့၀င်ဖြစ်စေရန်တိုက်တွန်းပေးခြင်းနှင့်ငွေလွှဲ အတွက်လှုံဆော် ပေးသည့်အတွက် ပေးအပ်သည့် ဆုလက်ဆောင်အစီစဥ်ဖြစ်သည်။
1.3. မိတ်ဆက်သူနှင့် အဖွဲ့ဝင်အသစ်သည် ပထမဆုံးငွေလွှဲအောင်မြင် ပြီးနောက် တစ်ဦးလျှင် ယန်း 600 လက်ဆောင်ကတ်ရရှိပါမည်။ KYODAI ၏နောက်ထပ်ပရိုမိုးရှင်းတစ်ခုအနေဖြင့်၀န်ဆောင်ခ အခမဲ့အစီစဥ်များနှင့် တိုက်ဆိုင်သောအခါတွင် ပထမအကြိမ်ငွေလွှဲကို ထည့်သွင်းစဥ်းစားမည်မဟုတ်ဘဲ့ ဒုတိယအကြိမ်ငွေလွှဲမှ စပြီးထည့်သွင်းစဥ်းစားသွားပါမည်။ထို့အပြင် ယခုနှစ်တွင်၊ Friends Campaign ကို Star Awards Campaignနှင့်ချိတ်ဆက်ထားပြီးမိတ်ဆက်ပေးသူတစ်ယောက်အတွက် Stars ရမှတ် 5 မှတ်ရရှိမှာဖြစ်ပြီး တစ်နှစ်အတွင်းအများဆုံး အယောက် 20 အထိသတ်မှတ်ထားပါသည်။ (a.)
1.4. ဤ ကမ်ပိန်း တွင်ပါ၀င်ရန် မိတ်ဆက်ပေးသူသည် Kyodai Appအသုံးပြုသူဖြစ်ရမည်။ မိတ်ဆက်ခြင်းခံရသူသည် Kyodai App ဖြင့် e-KYC လုပ်ဆောင်ချက်ဖြင့်စာရင်းသွင်းရန်လိုအပ်သည်။ထို့အပြင် မြန်မာ ပွဲအစီစဥ်များနှင့် ရုံးခွဲကောင်တာများတွင်လာရောက်စာရင်းသွင်းရာတွင်လဲကမ်ပိန်း အစီစဥ် သည် အကျုံး၀င်ပါသည်။ Kyodai ရဲ့ promoters များနှင့် promotersများ မှမိတ်ဆက်ပေးခြင်းခံထားရသော Customersများသည် ဤကမ်ပိန်တွင်အကျုံးမ၀င်ပါ။
1.5. ဒါရိုက်တာများ၊ ဝန်ထမ်းများ, independent contractors များနှင့် Kyodai Market,သက်ဆိုင်ရာမိသားစုနှင့်ဆွေမျိုးများအကျုံးမ၀င်ပါ။ထို့အပြင် Kyodai promoters နှင့် Kyodai partners' staff များလဲပါ၀င်ခွင့်မပြုပါ။
1.6. Kyodai ၀န်ထမ်းများသည်လဲအဖွဲ့၀င်အသစ်မိတ်ဆက်ပေးနိုင်ပြီး ,မိတ်ဆက်ခြင်းခံရသူသည် ပထမဆုံးငွေလွှဲသည့်အခါ အဖွဲ့၀င်သစ်သည်သာဆုလက်ဆောင်လက်ခံရရှိပါမည်။
1.7. (1.4ပါစာပိုဒ်) တွင်ဖွဲ့စည်းထားသော ပါဝင်မှုအခြေအနေများနှင့် ပတ်သက်၍ ဘရာဇီး၊ ဖိလစ်ပိုင်၊ ပီရူးနှင့် အခြားလက်တင်အမေရိကနိုင်ငံများမှ ရွှေ့ပြောင်းအခြေချအသိုင်းအဝိုင်းများသည် စမတ်ဖုန်းများနှင့် ရင်းနှီးကျွမ်းဝင်မှု နည်းပါးနိုင်သည်ကို ထည့်သွင်းစဉ်းစားခြင်းဖြင့် ကျွန်ုပ်တို့၏ Kyodai App သုံးစွဲသူများဖြစ်ခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။ (b.)
1.8. Kyodaiငွေလွှဲ သည်ထိုသဘောထားထုတ်ပြန်ချက် အခြေအနေတွင် ငြင်းပွားစာရာပေါ်ပေါက်လာပါက,ဤစည်းမျဥ်းစည်းကမ်းများကို ပြင်ဆင်ရန်သို့မဟုတ်လိုအပ်သည်ဟု ယူဆသည်တိုင်း ပရိုမိုးရှင်းကို ပြောင်းလဲရန် လက်ဝယ်ရှိသည်
2.e-KYC ဖြင့် စာရင်းသွင်းခြင်း။
2.1.ကမ်ပိန်း တွင်ပါ၀င်ရန် မိတ်ဆက်သူသည် Kyodai App လင့်ခ်အား သူငယ်ချင်းထံပေးပြီး ekyc လုပ်ဆောင်ချက်ကို အသုံးပြုရန်တောင်းဆိုပါ။
2.2.မိတ်ဆက်ပေးသူရဲ့ KYODAI Number နံပတ်အား ရည်ညွှန်းသည် ဆိုသည့်အကွက်တွင်ဖြည့်ပြိးစာရင်းသွင်းခြင်းလုပ်ငန်းစဥ်ကိုအပြီးသတ်ပါ၊ထိုအဆင့်သည် ကမ်ပိန်း တွင်ပါ၀င်ရန် အဓိကအရေးကြီးသည်လုပ်ဆောင်ချက်ဖြစ်သည်။
2.3. မိတ်ဆက်ခြင်းခံရသူ(အဖွဲ့၀င်အသစ်)သည် စာရင်းသွင်းခြင်းပြီးဆုံးပါက မိတ်ဆက်ပေးသူနှင့်မိတ်ဆက်ခြင်းခံရသူ နှစ်ဦးအား ပထမဆုံး ငွေလွှဲခြင်းလုပ်ဆောင်သည့်အဆင့်အထိ နောက်ဆက်တွဲ၀န်ဆောင်မှုပေးနိုင်ရန် စာရင်းထည့်ထားပါမည်။
3.အရည်အချင်းပြည့်မီမှုနှင့်ဝင်ရောက်မှု
3.1. မိတ်ဆက်ခြင်းခံရသူ(အဖွဲ့၀င်အသစ်) ရဲ့ ပထမဆုံးငွေလွှဲခြင်းဆိုင်ရာနှင့်ပတ်သက်ပြီး.အပတ်စဥ်စာရင်းပြုစုသွားပါမည်။
3.2. အပတ်စဥ်တနင်္လာမှ တနင်္ဂနွေ အတွင်း မိတ်ဆက်ခြင်းခံရသူ(အဖွဲ့၀င်အသစ်)ရဲ့ ပထမဆုံးအကြိမ်ငွေလွှဲခြင်းကို အတည်ပြုပြီးနောက် ငွေလွှဲလုပ်ငန်းစဥ်အောင်မြင်ပါက လာမည့်အပတ်တွင်း ဆုလက်ဆောင် ကူပွန် ကို ပေးပို့သွားမည်ဖြစ်ပါသည်။ အကယ်၍ အဖွဲ့၀င်အသစ်မှ ငွေလွှဲလုပ်ဆောင်ခြင်းမရှိခဲ့ပါ က စာရင်းပြုစုမှတ်သားခြင်းကို ဖေဖော်၀ါရီလ 6 ရက်အထိသာမှတ်သားထားမှာဖြစ်ပြိး ငွေလွှဲခြင်းမှာ ဒီဇင်ဘာလ 31ရက် 2023 ခုနှစ် အတွင်းလွှဲထားသည့် ငွေလွှဲများသာအကျုံး၀င်ပါမည်။
3.3. 2023 ခုနှစ် ဇန်နဝါရီလ 1 ရက် မှ 2023 ခုနှစ် ဖေဖော်ဝါရီ 5 ရက်ကြားစာရင်းသွင်းသူအသစ်များနှင့် စာရင်းရှိသူများသည်ကမ်းပိန်း၏စည်းမျဥ်းများ နှင့်ကိုက်ညီပါက အကျုံး၀င်သည်ဟုယူဆကာစီမံဆောင်ရွက်မည်ဖြစ်သည်။
3.4. ဆုပေးချေမှုများကို ကူပွန်လက်ဆောင်ကတ် - QUO ကတ် ငွေပေးချေစနစ်အသုံးပြု၍ ဆောင်ရွက်ပေးပါမည်။
3.5. လက်ဆောင်ကတ်သည် အဖွဲ့၀င်အသစ်များထံ စာရင်းသွင်းထားသောလိပ်စာအတိုင်း တိုက်ရိုက်ပေးပို့မှာဖြစ်ပြီး မိတ်ဆက်ပေးသော သူများထံ လိပ်စာအတည်ပြုရန် အီးမေးလ်ဖြင့် အကြောင်းကြားစာပို့ပါမည်ဖြစ်၍ ရက် 60 အတွင်း အကြောင်းပြန်ပေးရန်လိုအပ်ပါသည်
(a.) 5 အောက်တိုဘာလ မှ 31ဒီဇင်ဘာ 2023 ခုနှစ်အတွင်း မိတ်ဆက် ခံရသူမှ Western Union စနစ်ဖြင့် ပထမအကြိမ် ငွေလွှဲပါက မိတ်ဆက်သူနှင့် မိတ်ဆက်ခံရသူနှစ်ဦးစလုံးသည် ထပ်ပေါင်းဆုကြေးငွေ 500 yen ရရှိမည် ဖြစ်လို့(စုစုပေါင်း 1100 yen ရရှိမည်ဖြစ်သည်။)
(b.) Kyodai App ဖြင့် စာရင်း သွင်းခြင်း သာမကWeb-Registration၊ နီးစပ်ရာရုံးလာ မှတ်ပုံတင်ခြင်း ကဲ့သို့သော အခြားသော အမျိုးအစားများဖြင့် အဖွဲ့ဝင်အသစ်ဖြစ်လာသူများလည်း ဤWestern Union ကမ်ပိန်းတွင် ပါဝင်ပြီးတစ်ဦးစီအတွက် 500yen လက်ဆောင်ဆုပေးမည်ဖြစ်ပါသည်။