Kyodai ငွေလွှဲ - မိသားစု မှ မိသားစု ဆီ
Site Map
မူလ>Campaigns>KYODAI FRIENDS CAMPAIGN 2023 🌸 Sakura Edition 🌸

KYODAI FRIENDS CAMPAIGN 2023 🌸 Sakura Edition 🌸

🌸Sakura Edition🌸  WIN ¥1,000 EVERY TIME YOU INVITE A FRIEND !



🌸  2023/04/01 (စနေနေ့) မှ 2023/04/30 (တနင်္ဂနွေ) အထိ သူငယ်ချင်းမိတ်ဆက် ကမ်ပိန်း ကို ပြုလုပ်သွားပါမည်။ သူငယ်ချင်းတစ်ယောက်ကို Kyodai Remittance နဲ့မိတ်ဆက်ပေးပြီး သင်နဲ့သင့်သူငယ်ချင်းနှစ်ဦးစလုံး ယန်း 1000 လက်ဆောင်ကတ်* ကိုပထမဆုံးငွေစလွှဲတဲ့အချိန်မှာရယူနိုင်ပါတယ် *ဆုလက်ခံရယူရန်အတွက် မိတ်ဆက်ပေးသူနှင့် မိတ်ဆက်ခံရသူတို့သည် KyodaiApp အသုံးပြုသူဖြစ်ရမည်။လက်ဆောင်ကတ်ကို QUO ကတ်ပေးချေစနစ်ဖြင့် ပေးဆောင်မည်ဖြစ်သည်။


ဘယ်လိုပါ၀င်ရမလဲ (KyodaiApp စာရင်းသွင်းခြင်း)

1. မိတ်ဆက်ပေးမည့်သူသည် Kyodai Appအသုံးပြုသူဖြစ်ပြီးမိမိ၏ KYODAI  Number အား သူငယ်ချင်းထံပေးပို့ရန်လိုအပ်သည်။

2. မိတ်ဆက်ပေးခြင်းခံရသူသည် KyodaiApp (IOS သို့မဟုတ်  Android) မှတဆင့် စာရင်းသွင်းပြီး, e-KYC  လုပ်ငန်းစဉ်ကို လိုက်နာဆောင်ရွက်ပေးပါ။

3. KyodaiApp စာရင်းသွင်းစဥ် အဆင့်10 တွင် မိတ်ဆက်ပေးသူ၏ KYODAI  Number နံပတ်အား  "ရည်ညွှန်းသည်"   အကွက်တွင် ထည့်သွင်းရန် လိုအပ်ပါသည်။

4. မိတ်ဆက်ပေးခြင်းခံရသူ ပထမဆုံးငွေလွှဲသည့်အခါ နှစ်ဦးစလုံးအား ယန်း 1000 လက်ဆောင်ကတ်* ကိုရရှိနိုင်ပါမည်။

*လက်ဆောင်ကတ်ကို QUO ကတ်ပေးချေစနစ်ဖြင့် ပေးဆောင်မည်ဖြစ်သည်။


DOWNLOAD

      

      



ဘယ်လိုပါ၀င်ရမလဲ (ရုံးခွဲကောင်တာတွင် စာရင်းသွင်းခြင်း) 

1. မိတ်ဆက်ပေးမည့်သူသည် Kyodai Appအသုံးပြုသူဖြစ်ပြီးမိမိ၏  KYODAI  Number အား သူငယ်ချင်းထံပေးပို့ရန်လိုအပ်သည်။

2. မိတ်ဆက်ပေးချင်းခံရသော‌သူသည်Kyodai  ရုံးခွဲ မည်သည့်ကောင်တာတွင်မဆို စာရင်းသွင်းနိုင်ပါသည်။

3. စာရင်းသွင်းရာတွင် မိမိအားမိတ်ဆက်ပေးသော၏ KYODAI  Number ကိုပေးရန်လိုအပ်သည်။

4. ကောင်တာတွင်စာရင်းသွင်းထားသောအီးမေးလ်ဖြင့် Kyodai App အားdownload လုပ်ပြီးစာရင်းထည့်ရန်လိုသည်။

5. မိတ်ဆက်ပေးခြင်းခံရသူ ပထမဆုံးငွေလွှဲသည့်အခါ နှစ်ဦးစလုံးအား ယန်း 1000 လက်ဆောင်ကတ် ကိုရရှိနိုင်ပါမည်။.လက်ဆောင်ကတ်ကို QUO ကတ်ပေးချေစနစ်ဖြင့် ပေးဆောင်မည်ဖြစ်သည်။

အသေးစိတ်သိရှိလိုပါ ဆက်သွယ်ရန်.


စည်းမျဉ်းနှင့်အခြေအနေများ

1. အထွေထွေစည်းမျဉ်းများ

1.1. ပလိုမိုးရှင်း ကမ်ပိန်း သည် 2023 ခုနှစ် ဧပြီလ 1 ရက်နေ့မှ ဧပြီ 30 အထိဖြစ်ပြီး Kyodai ငွေလွှဲ Customers များ ဘယ်နိုင်ငံသားမဆို ပါ၀င်နိုင်ပါသည်။

1.2. ဒီအစီစဥ် သည် Kyodai Customerများ အား မိမိရဲ့ ဆွေမျိုး,သူငယ်ချင်းနှင့်အသိကျွမ်းများအား အဖွဲ့၀င်ဖြစ်စေရန်တိုက်တွန်းပေးခြင်းနှင့်ငွေလွှဲ အတွက်လှုံဆော် ပေးသည့်အတွက် ပေးအပ်သည့် ဆုလက်ဆောင်အစီစဥ်ဖြစ်သည်။

1.3. မိတ်ဆက်သူနှင့် အဖွဲ့ဝင်အသစ်သည် ပထမဆုံးငွေလွှဲပြီးနောက် တစ်ဦးလျှင် JPY 1,000 ဆုကြေးငွေ ရရှိပါမည်။ KYODAI ၏နောက်ထပ်ပရိုမိုးရှင်းတစ်ခုအနေဖြင့်၀န်‌ဆောင်ခ အခမဲ့အစီစဥ်များနှင့် တိုက်ဆိုင်သောအခါတွင် ပထမအကြိမ်ငွေလွှဲကို ထည့်သွင်းစဥ်းစားမည်မဟုတ်ဘဲ့ ဒုတိယအကြိမ်ငွေလွှဲမှ စပြီးထည့်သွင်းစဥ်းစားသွားပါမည်။

1.4.ဤ ကမ်ပိန်း တွင်ပါ၀င်ရန် မိတ်ဆက်ပေးသူသည် Kyodai Appအသုံးပြုသူဖြစ်ရမည်။ မိတ်ဆက်ခြင်းခံရသူ သည် Kyodai App ဖြင့် e-KYC လုပ်ဆောင်ချက်ဖြင့်စာရင်းသွင်းရန်လိုအပ်သည်။ထို့အပြင် မြန်မာ ပွဲအစီစဥ် များနှင့် ‌ရုံးခွဲကောင်တာများတွင်လာရောက်စာရင်းသွင်း ရာတွင်လဲ ကမ်ပိန်း အစီစဥ် သည် အကျုံး၀င်ပါသည်။ Kyodai ရဲ့  promoters များနှင့် promotersများ မှမိတ်ဆက်ပေးခြင်းခံထားရသော Customersများသည် ဤ ကမ်ပိန်း တွင် အကျုံးမ၀င်ပါ။

1.5. ဒါရိုက်တာများ၊ ဝန်ထမ်းများ, independent contractors များနှင့် Kyodai Market,သက်ဆိုင်ရာမိသားစုနှင့်ဆွေမျိုးများအကျုံးမ၀င်ပါ။ထို့အပြင် Kyodai promoters နှင့်  Kyodai partners' staff များလဲပါ၀င်ခွင့်မပြုပါ။ 

1.6.Kyodai ၀န်ထမ်းများသည်လဲအဖွဲ့၀င်အသစ်မိတ်ဆက်ပေးနိုင်ပြီး ,မိတ်ဆက်ခြင်းခံရသူသည် ပထမဆုံးငွေလွှဲသည့်အခါ အဖွဲ့၀င်သစ်သည်သာဆုလက်ဆောင်လက်ခံရရှိပါမည်။

1.7. (1.4ပါစာပိုဒ်) တွင်ဖွဲ့စည်းထားသော ပါဝင်မှုအခြေအနေများနှင့် ပတ်သက်၍ ဘရာဇီး၊ ဖိလစ်ပိုင်၊ ပီရူးနှင့် အခြားလက်တင်အမေရိကနိုင်ငံများမှ ရွှေ့ပြောင်းအခြေချအသိုင်းအဝိုင်းများသည် စမတ်ဖုန်းများနှင့် ရင်းနှီးကျွမ်းဝင်မှု နည်းပါးနိုင်သည်ကို ထည့်သွင်းစဉ်းစားခြင်းဖြင့် ကျွန်ုပ်တို့၏  Kyodai App သုံးစွဲသူများဖြစ်ခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။

1.8.  Kyodaiငွေလွှဲ သည်ထိုသဘောထားထုတ်ပြန်ချက် အခြေအနေတွင် ငြင်းပွားစာရာပေါ်ပေါက်လာပါက,ဤစည်းမျဥ်းစည်းကမ်းများကို ပြင်ဆင်ရန်သို့မဟုတ်လိုအပ်သည်ဟု ယူဆသည်တိုင်း ပရိုမိုးရှင်းကို ပြောင်းလဲရန် လက်ဝယ်ရှိသည်

2. e-KYC ဖြင့် စာရင်းသွင်းခြင်း။

2.1. ကမ်ပိန်း တွင်ပါ၀င်ရန် မိတ်ဆက်သူသည် Kyodai Appလင့်ခ်အား သူငယ်ချင်းထံပေးပြီး ekyc လုပ်ဆောင်ချက်ကို အသုံးပြုရန်တောင်းဆိုပါ။

2.2. မိတ်ဆက်ပေးသူရဲ့  KYODAI Number  နံပတ်အား ရည်ညွှန်းသည် ဆိုသည့်အကွက်တွင်ဖြည့်ပြိးစာရင်းသွင်းခြင်းလုပ်ငန်းစဥ် ကိုအပြီးသတ်ပါ၊ထိုအဆင့်သည် ကမ်ပိန်း တွင်ပါ၀င်ရန် အဓိကအရေးကြီးသည်လုပ်ဆောင်ချက်ဖြစ်သည်။

2.3. မိတ်ဆက်ခြင်းခံရသူ(အဖွဲ့၀င်အသစ်)သည် စာရင်းသွင်းခြင်းပြီးဆုံးပါက မိတ်ဆက်ပေးသူနှင့်မိတ်ဆက်ခြင်းခံရသူ နှစ်ဦးအား ပထမဆုံး ငွေလွှဲခြင်းလုပ်ဆောင်သည့်အဆင့်အထိ နောက်ဆက်တွဲ၀န်ဆောင်မှုပေးနိုင်ရန် စာရင်းထည့်ထားပါမည်။

3. အရည်အချင်းပြည့်မီမှုနှင့် ဝင်ရောက်မှု

3.1. မိတ်ဆက်ခြင်းံရသူ(အဖွဲ့၀င်အသစ်) ရဲ့ ပထမ ဆုံးငွေလွှဲခြင်းဆိုင်ရာနှင့်ပတ်သက်ပြီး.အပတ်စဥ်စာရင်းပြုစုသွားပါမည်။

3.2. အပတ်စဥ်တနင်္လာမှ တနင်္ဂနွေ အတွင်း မိတ်ဆက်ခြင်းခံရသူ(အဖွဲ့၀င်အသစ်)ရဲ့ ပထမဆုံးအကြိမ်ငွေလွှဲခြင်းကို အတည်ပြုပြီးနောက် ငွေလွှဲလုပ်ငန်းစဥ်အောင်မြင်ပါက လာမည့်အပတ်တွင်း ဆုလက်ဆောင် လင့်ခ် ကို ပေးပို့သွားမည်ဖြစ်ပါသည်။ အကယ်၍ အဖွဲ့၀င်အသစ်မှ ငွေလွှဲလုပ်ဆောင်ခြင်းမရှိခဲ့ပါ က စာရင်းပြုစုမှတ်သားခြင်းကို ဧပြီလ 30 ရက်၊ 2023 ခုနှစ် ထိ ထိန်းသိမ်းထားပါမည်။

3.3.ဆုပေးချေမှုများကို ကူပွန်လက်ဆောင်ကတ် - QUO ကတ် ငွေပေးချေစနစ်အသုံးပြု၍ ဆောင်ရွက်ပေးပါမည်။

3.4. လက်ဆောင်ကတ်သည် အဖွဲ့၀င်အသစ်များထံ စာရင်းသွင်းထားသောလိပ်စာအတိုင်း တိုက်ရိုက်ပေးပို့မှာဖြစ်ပြီး မိတ်ဆက်ပေးသော သူများထံ လိပ်စာအတည်ပြုရန် အီးမေးလ်ဖြင့် အကြောင်းကြားစာပို့ပါမည်ဖြစ်၍ ရက် 60 အတွင်း အကြောင်းပြန်ပေးရန်လိုအပ်ပါသည်

3.5. ဤကမ်ပိန်းသည်  2023 ခုနှစ် ဧပြီလ 1 ရက်နေ့ မှစတင်သည်ဖြစ်၍ ဧပြီလ မတိုင်မှီ မိတ်ဆက်ခြင်းခံရသူများသည် ဧပြီလအတွင်းငွေလွှဲမည်ဆိုပါက ပုံမှန် မိတ်ဆက် ကမ်ပိန်း ယန်း 600 အစီစဥ်နဲ့သာအကျုံး၀င်မည်ဖြစ်ပါသည်။

ထို့အပြင် ဧပြီလတွင် ပထမအကြိမ် ငွေလွှဲခြင်း မပြီးမြောက်သော ဧပြီလတွင် မှတ်ပုံတင်ခြင်းများသည် ကမ်ပိန်း၏ ပုံမှန်ထုတ်ဝေမှု အခြေအနေများနှင့် ကိုက်ညီမည့် အခွင့်အရေးကို ဒီဇင်ဘာ ၃၁ ရက်အထိ ထားရှိမည်ဖြစ်သည်။